လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက် ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂.၁၀.၂၀၂၀)ရက်နေ့ (၂၀:၃ဝ) နာရီအချိန်တွင် သရက်ချောင်းမြို့နယ်၊ ဥတ္တူ ကျေးရွာအုပ်စု၊ ဥတ္တူကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁) အိမ်အတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝ/-)ကျပ် နှင့်လူဦးရေ(၄)ဦးအတွက်ဆန်ရိက္ခာဖိုး (၈၄၀၀/-) ကျပ်၊ စုစုပေါင်း (၂၀၈၄၀ဝ/-)ကျပ်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီမှ တာဝန်ရှိ သူများနှင့်အတူ (၁၄.၁၀.၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#tny_oct2020
Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)