Shelter (၁) လုံးတည်ဆောက်နိုင်ရန် မြေနေရာအား ကွင်းဆင်းစစ်ဆေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆွာမင်းလမ်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာအုပ်စု၊ ရွှေကစောင်းကျေးရွာအုပ်စုရှိ ပြည်သူများသည် ၂၀၁၈ ခုနှစ်အတွင်း ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ခဲ့ရသဖြင့် ၎င်းဒေသများအတွက် သဘာဝဘေးကာကွယ်စောင့်ရှောက်ရန် Shelter (၁) လုံးတည်ဆောက်ပေးနိုင်ရေး တင်ပြတောင်းခံလာခြင်းနှင့်စပ်လျဉ်း၍ (၁၄-၁၀-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr
#bgo_oct2020

Source:  တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events