
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ ကွမ်ဟင်ကျေးရွာအုပ်စုနှင့် တောင်ထိပ်ကျေးရွာအုပ်စုတို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကွမ်ဟင်ဘုန်းတော်ကြီးကျောင်း၊ နားအွမ်ဘုန်းတော်ကြီးကျောင်းနှင့် ကောင်းမှုခံဘုန်းတော်ကြီးကျောင်းများသို့ ထမ်မံရောက်ရှိလာသော အိမ်ထောင်စု(၃၁၅)စု၊ လူဦးရေ(၁၀၅၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂,၂၀၅,၀၀၀/-)ကျပ်အား (၁၄-၁၀-၂၀၂၀)ရက် (၁၁း၀၀)နာရီအချိန်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောက်မဲမြို့နယ်ပရဟိတလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်၍ တိုက်ပွဲရှောင်ပြည်သူများ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#shn_oct2020