အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးမှုလျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် (၇-၁၀-၂၀၂၀)ရက်နေ့မှ (၁၄-၁၀-၂၀၂၀)ရက်အထိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုး‌ကောင်း၊ မိုးညှင်းမို့နယ်များရှိ တိုက်ပွဲရှောင်စခန်း(၄၄)ခု နေပြည်သူများထံသို့ သွားရောက်ပြီး ကမ္ဘာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှ လှူဒါန်းသော တစ်ရှူးစက္ကူလိပ် (၉၉၉၀) လိပ်၊ Surgical Mask (၂၅၀၀၀) ခု၊ လက်သန့်ဆေးရည်ဗူး (၉၉၉၀) ဗူးနှင့် အပူချိန်တိုင်း ကိရိယာ (၅၅) ခုတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးအတွက် အသိပညာပေး‌ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#kcn_oct2020

Sign Up

Upcoming Events