အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှုများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် (၁၃-၁၀-၂၀၂၀)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီမှ(၀၉:၀၀)နာရီအချိန်ထိ မိုးညိုမြို့၊ မြို့မစျေးကြီးရှေ့၌ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မြို့နယ်စေတနာ့ဝန်ထမ်းအဖွဲ့နှင့် လူငယ်ရေးရာအတွင်းရေးမှူးတို့နှင့်အတူ Mask (၁၅၀၀ )ခုအား ပြည်သူများထံသို့ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#bgo_oct2020
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events