
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၀-၂၀၂၀) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ ကျွဲကုန်းကျေးရွာအုပ်စု၊ ကျွဲကုန်းကျေးရွာတွင် လက်နက်ကြီးကျ၍ ပျက်စီးခဲ့သည့် လူနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၇၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၉၅၂၀၀/-) ကျပ်အား (၁၂-၁၀-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်များထံ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#shn_aug2020