လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ညောင်ပင်လှကျေးရွာအုပ်စု၊ ဥယျာဉ်မြောက်စု၊ ပုတီးတွင်းနှင့် မင်းနန်တောကျေးရွာများ၌ သောက်သုံးရေရှားပါးမှုအခက်အခဲဖြစ်ပေါ်နေသော အိမ်ခြေ (၃၂၅)အိမ်၊ အိမ်ထောင်စု(၃၂၅)စု၊ လူဦးရေ(၁၆၂၅)ဦးအတွက် စက်ရေတွင်းတူးဖော်ရန် ထောက်ပံ့ငွေ (၁၀၀၀၀၀၀၀/-) ကျပ်တိတိအား (၁၂-၁၀-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စက်ရေတွင်းတူးဖော်မည့် သရက်တောကျောင်းတိုက်ဆရာတော်ထံသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)