ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ မြင်းကျွန်းကျေးရွာအုပ်စု၊ မြင်းကျွန်းကျေးရွာနှင့် ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုရွာသစ် ကျေးရွာတို့၌ (၁-၁၀-၂၀၂၀)ရက်နေ့နှင့် (၇-၁၀-၂၀၂၀)ရက်နေ့များတွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၄)လုံး၊ အိမ်ထောင်စု (၄)စုမှ စုစုပေါင်းလူဦးရေ(၁၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၂၉၄၀၀/-)ကျပ်နှင့် ပြောင်းရွှေ့အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀၀/-)ကျပ်နှင့် ဓာတ်ဆားထုပ် (၄၀)ထုပ်အား (၉-၁၀-၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_oct2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events