လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၂၀) ရက်နေ့ (၀၄:၀၀) နာရီအချိန်နှင့် (၁၁:၃၀)နာရီအချိန်တို့တွင် မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် ပန်းကုန်းကျေးရွာအုပ်စု ပန်းကုန်းကျေးရွာ တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သည့် လူနေအိမ်(၅)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၅၀,၀၀ဝ/-)ကျပ် နှင့်လူဦးရေ စုစုပေါင်း (၃၉) ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈၁,၉၀ဝ/-) ကျပ်၊ စုစုပေါင်းထောက် ပံ့ငွေ (၅၃၁,၉၀ဝ/-)ကျပ်အားလည်းကောင်း (၁၁-၁၀-၂၀၂၀) ရက်နေ့(၀၁:၀၀) နာရီအချိန်ခန့်တွင် သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ရပ်ကွက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) လူဦးရေ (၄)ဦးတို့အတွက် (၇)ရက်စာ ဆန်ဖိုးငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၈၄၀၀/-)ကျပ်နှင့် ပြိုကျပျက်စီးလူနေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးတန်ဖိုးငွေ (၃၄၇၅၃/-)ကျပ်အားလည်းကောင်း (၁၂-၁၀-၂၀၂၀)ရက်နေ့ (၁၃:၃၀)နာရီအချိန် ပန်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများထံ လက်ဝယ် အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mon_oct2020

Source:  သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events