လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၂၀) ရက်နေ့တွင် ပြည်ခရိုင်အတွင်း မိုးသက်လေပြင်းကျရောက်မှုကြောင့် ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅) စုမှ ပြိုလဲနေအိမ် (၂)လုံး၊ အမိုးလန်နေအိမ် (၁၉)လုံး၊ ပြည်မြို့နယ်ရှိ ကျေးရွာ အုပ်စု (၃)စုနှင့် ဝက်ထီးကန်မြို့တို့မှ အမိုးလန်ဘုန်းကြီးကျောင်း (၁) ကျောင်း၊ အမိုးလန်နေအိမ် (၆)လုံး၊ သစ်ပင်ပိ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃)လုံး၊ ပေါင်းတည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆)စုမှ ပြိုလဲအိမ်ခြေ (၂)လုံး၊ အမိုးလန် အိမ်ခြေ (၈)လုံး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄)စုမှ ပြိုလဲအိမ်ခြေ (၁)လုံး၊ အမိုးလန်အိမ်ခြေ (၆)လုံး၊ စုစုပေါင်း ပြိုလဲအိမ်ခြေ (၅)လုံး၊ အမိုးလန်အိမ် (၃၉)လုံး၊ ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် သစ်ပင်ပိအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၁၃၉၉၂၀၀)ကျပ်၊ လူဦးရေ (၁၆၅)ဦးအတွက်ဆန်ဘိုးထောက်ပံ့ငွေ (၃၄၆၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၇၄၅၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၅)စုစာတို့အား (၉-၁၀-၂၀၂၀)နေ့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_oct2020
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)