လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ (ခြောက်ဆယ်၊ ဒေါင့်ကြီး၊ အိုင်သပြု၊ ဝါးရုံချောင်း၊ လှော်ကထား)အုပ်စုများရှိ ကျေးရွာခွဲ(၇)ရွာတို့၌ (၈-၁၀-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်အိမ်ခြေ(၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ်ခြေ(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၆၀၀၀၀)ကျပ်၊ လူဦးရေ(၄၇)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေကျပ်(၉၈၇၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆၅၈၇၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၂)အိမ်ထောင်စာတို့ကို (၉-၁၀-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)