လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၀-၂၀၂၀)ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်ကျေးရွာအုပ်စု၊ ဒေါင့်ကြီးအုပ်စု၊ ကျေးရွာခွဲ (၃)ရွာတို့တွင်(၃၀-၉-၂၀၂၀)နေ့ဖြစ်ပွါးသော ကမ်းပြိုဘေးကြောင့် ပျက်စီးခဲ့သော အိမ်ထောင်စု(၈)စုအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၈၀၀၀၀၀ိ/-)၊ လူဦးရေ(၃၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆၅၁၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၈၆၅၁၀၀ိ/-) အား (၇-၁၀-၂၀၂၀)ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_oct2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)