လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ကျေးရွာအုပ်စု(၃)အုပ်စု(အိပ်ပျက်၊ သက္ကယ်ပြင်၊ အင်္ဂရမ်း)၊ ကျေးရွာခွဲ(၆)ရွာတို့တွင် (၂၀-၉ -၂၀၂၀)ရက်နေ့မှ (၂၈-၉-၂၀၂ရ)ရက်နေ့ထိဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ/အိမ်ထောင်စု(၃၀)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၃၀၀၀၀၀၀ိ/-)၊ လူဦးရေ(၁၂၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၂၅၆၂၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၃၂၅၆၂၀၀ိ/-)ကိုလည်းကောင်း၊(၂၁-၉-၂၀၂၀)ရက်နေ့ဖြစ်ပွားခဲ့သော ဟင်္သာတမြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်၊ ထယ်ရုံလမ်းနှင့် နတ်မော်အုပ်စု၊ ကရင်စုကျေးရွာ လေဘေးတွင် ပြိုကျအိမ်ခြေ(ဝါး)(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀ိ/-)၊ တစ်စိတ်တစ်ပိုင်းအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀ိ/-)၊ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၂၇၃၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၇၇၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာတို့ကို (၇-၁၀-၂၀၂၀)ရက်နေ့ (၁၂း၀၀)နာရီတွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe/sgw
#ayy_oct2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)