ဆပ်ပြာနှင့်ထုံးအိတ်များ ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မံစီမြို့နယ်၊ မိုင်းခေါင်နှစ်ခြင်းဘုရားကျောင်း IDPs စခန်းမှ အိမ်ထောင်စု(၃၆၅)စု လူဦးရေ (၁၅၈၆)ဦးအတွက် paris ဆပ်ပြာ (၁၅၈၆)ခဲ နှင့် ထုံးအိတ် (၁၀)အိတ်၊မိုင်းခေါင်ကက်သ လစ် IDPs စခန်းမှ အိမ်ထောင်စု (၁၅၄)စု၊ လူဉီးရေ (၇၁၇)ဦးတို့အတွက် ဆပ်ပြာ(၇၁၇)နှင့်ထုံး(၁၀)အိတ်၊ မံစီနှစ်ခြင်းဘုရားကျောင်း IDPs စခန်းမှ အိမ်ထောင်စု(၁၇၇)စု၊ လူဦးရေ (၇၈၃)ဦးအတွက် paris ဆပ်ပြာ (၇၈၃)ခဲ နှင့် ထုံးအိတ် (၁၀)အိတ်တို့အား (၇-၁၀-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_otr

#kcn_oct2020

Source:             ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events