လေဘေးအတွက် ထောက်ပံ့မှုသတင်း

 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်း​ချောင်းမြို့၊ ကက္ကူလေးကျေးရွာအုပ်စု၊ ငပိလှမ်း ကျေးရွာတွင် (၁-၁၀-၂၀၂၀) ရက်နေ့တွင် လေဘေး​ကြောင့် အမိုးလန် ပျက်စီးဆုံးရှံးခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀၀ဝ/-)ကျပ်၊  လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၆၃၀ဝ/-)ကျပ်နှင့် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်၊ ရွာသစ်ကုန်းလမ်းတွင် (၅-၁၀-၂၀၂၀) ရက်နေ့တွင် မီးဘေးကြောင့် မီးလောင်ပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀ဝ/-)၊ လူဦးရေ(၁)ဦးအတွက် (၇)ရက်စာရန်ပုံငွေ (၂၁၀ဝ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၅၈၄၀ဝ/-)ကျပ်အား  (၆-၁၀-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်  တာဝန်ရှိသူများ​ရှေ့​မှောက်၌ ​ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းများအား ဆက်လက် ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_oct2020

Source:  ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events