မီးဘေးအတွက် ထောက်ပံ့မှုသတင်း

 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘူတာလမ်းနှင့် ကျောင်းလမ်း ဒေါင့်တွင် (၂-၁၀-၂၀၂၀)ရက်နေ့တွင် မီးဘေးကြောင့် ပျက်စီးဆုံးရှံးခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၀၀၀၀ဝ/-)ကျပ်၊  တစိတ်တပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀ဝ/-)၊ စုစုပေါင်း လူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၂၉၄၀ဝ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၃၁၉၄၀ဝ/-) ကျပ်အား  (၆-၁၀-၂၀၂၀)ရက်နေ့ (၁၂:၃၀)နာရီအချိန်၌  ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေး ပစ္စည်းများအား ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#ayy_oct2020

Source:  ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events