လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လားရှိုးမြို့နယ်ကြက်ခြေနီအသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လားရှိုးမြို့နယ်၊ နောင်ဖော့ကျေးရွာအုပ်စု၊ နမ့်မော်စွန်ကျေးရွာနှင့် လွယ်လွမ့်ကျေးရွာတို့၌ COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှာခေါင်းစည်းအသုံးပြုခြင်းဆိုင်ရာအကြံပြုချက်များ၊ နှာခေါင်စည်းကိုအသုံးပြုရာတွင် လိုက်နာရမည့် အချက်များ၊ COVID-19 ကာကွယ်ရေး စနစ်ကျလက်ဆေးပေးပါဝင်သည့် လက်ကမ်းစာစောင်များဖြန့်ပေးဝေခြင်းနှင့် အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_sep2020
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)