လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ နေ့လည်(၁၃:၀၀)နာရီအချိန်အထိ ဘားအံမြို့နယ်၊ ရွာကြီးကျေးရွာ၊ ရွာလေးကျေးရွာ၊ မြိုင်ကလေးစံပြကျေးရွာ၊ ကျောင်းအထက်ကျေးရွာ၊ ကူးဆိပ်ကျေးရွာ၊ ဖားကပ်စံပြကျေးရွာ၊ လှာကာကျေးရွာ၊ ဇရပ်ဖြူကျေးရွာ၊ ဖိုးရှိုးကျေးရွာနှင့် အမှတ်(၂) တန်(၄၀၀၀)ဘိလပ်မြေစက်ရုံများရှိ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများမဖြစ်ပွားစေရန် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးများနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား လော်စပီကာဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn_sep2020
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)