လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀) ရက်နေ့၌ နတ်မောက်မြို့နယ်၊ န/ကျားထူးကျေးရွာအုပ်စု၊ န/ကျားထူးကျေးရွာ၊ ဘူတာကျေးရွာနှင့် ဘုန်းတော်ပြည့် ကျေးရွာအုပ်စု၊ ဘုန်းတော်ပြည့်ကျေးရွာ၊ လက်ပံတုန်းကျေးရွာ၊ အိုးဘိုကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_sep2020
Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)