လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်ပတ်သက်၍ ပုဗ္ဗသီရိမြို့နယ် ၊ ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်၊ ဆင်ဖြူရှင်ရပ်ကွက်၊ ဇဝနဒီပရပ်ကွက်နှင့် ရတနာဒီပရပ်ကွက်များ အတွင်းရှိ ပြည်သူများသို့ ထိရောက်စွာအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#npw_sep2020
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)