COVID -19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​​ရေကြည် မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှစ၍ ရေကြည်မြို့နယ်၊ တွတ်ပလွတ် ကျေးရွာအုပ်စု၊ တွတ်ပလွတ်ကျေးရွာ၊ သင်တောအိုင်ကျေးရွာ၊ ကျီးတောအိုင်ကျေးရွာ၊  ပျဉ်းကတိုးကုန်းကျေးရွာနှင့် ကိုင်းငူ ကျေးရွာတို့တွင် COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန်နှင့် သဘာဝ​​ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_sep2020

Source:    ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events