
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ လွိုင်နန်းဖကျေးရွာအုပ်စု၊ လွိုင်နန်းဖကျေးရွာ၊ မြလဲကျေးရွာအုပ်စု၊ ဆီးမီဆိုဒါးကျေးရွာနှင့် ဆီးမီဆိုလားကျေးရွာ၊ ဒေါတော်ကူးကျေးရွာအုပ်စု၊ ဆီးပူကုန်း ကျေးရွာ၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ဒိုင်းလင်းအေးသာကျေးရွာများရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#kyh_sep2020