Covid-19 ကူးစက်ရောဂါနှင့်သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၈-၉-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှ (၁၃:၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲခြံချောင်းဖျားကျေးရွာအုပ်စုအတွင်းရှိ နွားရေကျော်ကျေးရွာ၊ ကျွဲခြံချောင်းဖျားကျေးရွာ၊ ကျောင်းကြီးစုကျေးရွာ၊ ဆတ်လူးကျေးရွာနှင့် ကညင်ချောင်းကျေးရွာတို့အတွင်း Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေ ငြာချက်များ၊ မိုးရွာသီတွင်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးအန္တရာယ် အသိပညာပေးခြင်းများကို Hand Speaker၊ Loud Speaker များဖြင့် ကွင်းဆင်းလှည့်လှည်၍ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#ayy_sep2020
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events