Covid-19 ကူးစက်ရောဂါနှင့်သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၈-၉-၂၀၂၀)ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှစ၍လပွတ္တာမြို့နယ်၊ ရွေးကျေးရွာအုပ်စု၊ ရွေးကျေးရွာ၊ ချောင်းကြီးကျေးရွာ၊ နှားခေါင်းပေါက်ကျေးရွာ၊ ဂွေးချောင်း ကျေးရွာ၊ ဘိုးမိရေကျော်ကျေးရွာတို့တွင် Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေ ညာချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများကို အများပြည်သူများ သိရှိလိုက်နာရန် Loud Speaker ဖြင့်ကွင်းဆင်းလှည့်လှည်၍ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#ayy_sep2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events