အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၃:၀၀)နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျောင်းရွာကျေးရွာ၊ ဝင်းကလောကျေးရွာနှင့် ဆောင်နိုင်ဂွကျေးရွာတို့တွင် Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းအား အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#mon_sep2020
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events