ရေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀) ရက်နေ့နှင့် (၂၅-၉-၂၀၂၀) ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူးဇွပ်ကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးကောင်းချောင်းရေလျှံတက်မှုကြောင့် ရှဒူးဇွပ်ကျေးရွာအနိမ့်ပိုင်းများနှင့် မြစ်ကြီးနား-တနိုင်းလမ်းမကြီးပေါ်သို့ ရေအနက် (၁၂) ပေခန့်၊ အရှည်ပေ (၁,၈၀၀) ခန့် ရေဝင်ရောက်ခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်ရသော အိမ်ထောင်စု (၄၁၀) စုမှ လူဦးရေစုစုပေါင်း (၂,၈၇၅) ဦး၊ နေအိမ်မျှောပါ (၂၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၄၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၆,၀၃၇,၅၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈,၄၃၇,၅၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၂၃) စုစာနှင့် Mask (၂,၈၇၅) ခုတို့အား (၂၇-၉-၂၀၂၀) ရက်နေ့ (၁၀:၃၀) အချိန်တွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ကွင်းဆင်းထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha-fld
#kcn_sep2020

Sign Up

Upcoming Events