COVID-19 Economic Relief Plan(CERP)အစီအစဉ်ဖြင့် ထောက်ပံငွေများ ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 Economic Relief Plan(CERP)အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲရှောင်စုရပ်များနှင့် IDP စခန်းများရှိ အိမ်ထောင်စု(၁)စုလျှင် (၄၀၀၀ဝိ/-) (ကျပ်လေးသောင်း)နှုန်းဖြင့် ထောက်ပံ့လျက်ရှိရာ စစ်တွေမြို့နယ်၊ တပဦးကျောင်း၊ သောဘိရာမကျောင်း၊ လရောင်ဝန်းကျောင်း၊ ဃောသိတာရုံကျောင်း၊ တေဇာရာမကျောင်း၊ မဟာဇေယျသိဒ္ဓိပဌာန်းကျောင်း၊ ဥဿလင်းကျောင်း၊ မေယုရတနာကျောင်း၊ မေယုဓမ္မစက္ခုကျောင်းနှင့် ဝိဘဇ္ဇဝါဒီကျောင်းတို့တွင် ရောက်ရှိခိုလှုံလျက်ရှိသော အိမ်ထောင်စု (၄၄၃)စုအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၁၇,၇၂၀,၀၀ဝိ/-) (ကျပ်တစ်ရာခုနစ်ဆယ့်ခုနစ်သိန်းနှစ်သောင်းတိတိ)ကို (၂၆-၉-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#rke_sep2020
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events