ရေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၀) ရက်နေ့၊ (၁၃:၃ဝ) နာရီအချိန် ၌ မြိတ်မြို့နယ်၊ သဗျာကျေးရွာတွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် လုံး၀ပျက်စီးအိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ တစိတ်တစ်ပိုင်းပျက်စီးနေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၆၀,၀၀၀/-)ကျပ်၊ ဘေးသင့်ပြည်သူ (၅၃) ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စားဖိုးထောက်ပံ့ငွေ (၁၁၃,၀၀၀/)ကျပ်နှင့် လုံး၀ပျက်စီး အိမ်ခြေ(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ အိမ်ထောင်စု(၂)စုစာတို့အား (၂၅-၉- ၂၀၂၀) ရက်နေ့ (၁၄:၃၀)ချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တို့နှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#tny_sep2020

Sign Up

Upcoming Events