
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)အရ စားသောက်ကုန် (၅) မျိုး ဝယ်ယူရန် အိမ်ထောင်စု (၁) စုလျှင် (၄၀၀၀၀/-) ကျပ်နှုန်းဖြင့် စစ်တွေမြို့နယ်၊ မဏိရတနာကျောင်းတိုက်တွင် ရောက်ရှိခိုလှုံနေသော အိမ်ထောင်စု (၄၃)စု၊ လူဦးရေ (၁၉၄)ဦးအတွက် ထောက်ပံ့ငွေ (၁၇၂၀၀၀၀/-)ကျပ် ကိုလည်းကောင်း၊ ဓမ္မရာမကျောင်းတိုက်တွင် ရောက်ရှိခိုလှုံနေသော အိမ်ထောင်စု (၉၁)စု၊ လူဦးရေ (၄၀၂)ဦးအတွက် ထောက်ပံ့ငွေ (၃၆၄၀၀၀၀/-)ကျပ်ကိုလည်းကောင်း၊ ဘုရားများသိမ်တွင် ရောက်ရှိခိုလှုံနေသော အိမ်ထောင်စု (၈၆)စု ၊ လူဦးရေ (၃၇၅)ဦးအတွက် ထောက်ပံ့ငွေ (၃၄၄၀၀၀၀/-)ကျပ်ကိုလည်းကောင်း၊ ဒက္ခေါင်း ကျောင်းတိုက်တွင် ရောက်ရှိခိုလှုံလျက်ရှိသော အိမ်ထောင်စု (၃၂)စု၊ လူဦးရေ (၁၁၄) ဦးအတွက် ထောက်ပံ့ငွေ (၁၂၈၀၀၀၀/-)ကျပ်ကိုလည်းကော်း၊ ဆည်ကြီးကျောင်းတိုက်တွင် ရောက်ရှိခိုလှုံလျက်ရှိသော အိမ်ထောင်စု (၁၁)စု၊ လူဦးရေ (၄၈)ဦးအတွက် (၄၄၀၀၀၀/-)ကျပ်ကိုလည်းကောင်း၊ ကယုချောင်း ကျောင်းတိုက်တွင် ရောက်ရှိခိုလှုံလျက်ရှိသော အိမ်ထောင်စု (၂၂)စု၊ လူဦးရေ (၇၄)ဦးအတွက် ထောက်ပံ့ငွေ (၈၈၀၀၀၀/-)ကျပ် ကိုလည်းကောင်း၊ အမျိုးသားကျောင်းတိုက်တွင် ရောက်ရှိခိုလှုံလျက်ရှိသော အိမ်ထောင်စု (၄၀)စု၊ လူဦးရေ (၁၁၄)ဦးအတွက် ထောက်ပံငွေ (၁၆၀၀၀၀၀/-)ကျပ်ကိုလည်းကောင်း၊ မဟာမုနိဗုဒ္ဓဝိဟာရကျောင်းတိုက်တွင် ရောက်ရှိခိုလှုံလျက်ရှိသော အိမ်ထောင်စု (၃၇)စု၊ လူဦးရေ (၁၅၁)ဦးအတွက် ထောက်ပံ့ငွေ (၁၄၈၀၀၀၀/-)ကျပ်လည်းကောင်း၊ အလိုတော်ပြည့်ကျောင်း တိုက်တွင် ရောက်ရှိခိုလှုံလျက်ရှိသော အိမ်ထောင်စု (၁၄၄)စု၊ လူဦးရေ (၄၄၃)ဦးအတွက် ထောက်ပံ့ငွေ (၅၇၆၀၀၀၀/-)ကျပ် တို့နှင့် နန်းရွှေဂူကျောင်းတိုက်တွင် ရောက်ရှိခိုလှုံလျက်ရှိသော အိမ်ထောင်စု (၇၅)စု၊ လူဦးရေ(၂၃၆)ဦးအတွက် ထောက်ပံငွေ (၃၀၀၀၀၀ဝိ/-)ကျပ်တို့ကို (၂၅-၉-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_sep2020
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)