ထောက်ပံ့ငွေပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် စစ်တွခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)အရ စားသောက်ကုန် (၅) မျိုး ဝယ်ယူရန် အိမ်ထောင်စု (၁) စုလျှင် (၄၀၀၀၀/-) ကျပ်နှုန်းဖြင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲ‌ရှောင် စုရပ်များနှင့် IDP စခန်းများရှိ သက္ကေပြင် IDP စခန်း‌မှ အိမ်ထောင်စု (၁၀၀၀)စု၊ လူဦးရေ (၆၀၈၆)ဦးတို့အတွက် ထောက်ပံ့ငွေ (၄၀,၀၀၀,၀၀၀/-)ကျပ်အား (၂၅-၉-၂၀၂၀) ရက်နေ့တွင် ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#rke_sep2020

Sign Up

Upcoming Events