COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့်သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၀)ရက်နေ့၊နံနက်(၀၉:၀၀)နာရီအချိန်မှ နေ့လည် (၁၃:၀၀)နာရီအချိန်ထိ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ ရွှေတောင်ဘိုကျေးရွာ၊ ဘုတ်ရှူးကုန်းကျေးရွာ၊ ဆယ်အိမ်စုကျေးရွာများ၌ COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုများမရှိစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ဆောင်ရန်/ ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် ရပ်ကွက်နေပြည်သူများသို့ အသိပညာပေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#krn_sep2020
Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events