လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုသမှုအစီအစဥ် ( COVID-19 Economic Relief Plan- CERP)အရ စားသောက်ကုန် (၅)မျိုး (ဆန်၊ဆီ၊ဆား၊ပဲ၊ကြက်သွန်နီ)ဝယ်ယူရန် အိမ်ထောင်စု(၁) စုလျှင်(၄၀,၀၀၀/-) ကျပ် နှုန်းဖြင့် အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်အိမ်ထောင်စု (၁၁၅၁)စု၊ လူဦးရေ(၄၉၈၁)ဦးအတွက် ထောက်ပံ့ငွေ(၄၆,၀၄၀,၀၀၀/-)ကျပ်အား (၂၄-၉-၂၀၂၀)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန် တွင် ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ထံသို့ လည်းကောင်း၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး IDP စခန်းတွင် အိမ်ထောင်စု (၃၆၃)စု၊ လူဦးရေ(၁၀၁၀)ဦးအတွက် ထောက်ပံ့ငွေ(၁၄,၅၂၀,၀၀၀/-)ကျပ်အားလည်းကောင်း (၂၄-၉-၂၀၂၀) ရက်နေ့၊ ညနေ(၁၅:၀၀)နာရီအချိန်တွင် ကျောက်တစ်လုံးစခန်းစီမံခန့်ခွဲမှုကော်မတီဝင်များထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#rke_sep2020
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)