လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ စက္ကန့် ကျေးရွာတွင် (၂၃-၉-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံငွေ (၂၀၀,၀၀၀/-)ကျပ်နှင့်၊လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀/-)ကျပ်နှင့် Family kit (၁) ပုံးအား (၂၄-၉-၂၀၂၀)ရက်နေ့၊ (၁၄:၄၅) နာရီအချိန်တွင် ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ကလေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူးရုံးခန်း၌ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#sgg_sep2020
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)