
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၉.၂၀၂၀) ရက်နေ့ ၊ နံနက် (၀၈:၀၀) နာရီအချိန်မှ နေ့လည် (၁၂:၃၀) နာရီ အချိန်အထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ အမှတ်(၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊၉၊၁၀)ရပ်ကွက်များ၊ ကံ့ကော်မြိုင်ရပ်ကွက်၊ မရမ်းကုန်းရပ်ကွက်၊ မြဟေမာရပ်ကွက်၊ မြကန်သာရပ်ကွက်၊ မြရတနာရပ်ကွက်နှင့် မြစန္ဒာရပ်ကွက်တို့တွင် ကျန်းမာရေးနှင် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန် ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် ရေဘေး၊ မုန်တိုင်းဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအသိပညာပေးဆောင်ရွက်ခြင်းများအား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်း လှည့်လည်၍ အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_sep2020