လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတပ်မြို့နယ်၊ ဒုတ်ကျေးရွာ (၁၉-၉-၂၀၂၀)ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ထောင်စု (၁)စု (သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ) လုံးဝပျက်စီးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၂၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့ငွေရန်ပုံငွေ (၂၀၄၂၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာတို့အား (၂၃-၉-၂၀၂၀)ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ မြို့နယ်ထွေ/အုပ်အစည်းဝေးခန်းမတွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#chn_sep2020
Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)