လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ ကျောက်တစ်လုံး IDP စခန်းတွင် COVID-19 ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေးပစ္စည်းများဖြစ်သည့် ထုံး (၁၀-ပိဿာပါ) ၃လစာ (သြဂုတ်၊စက်တင်ဘာ၊ အောက်တိုဘာ) (၁၅) အိတ်တို့အား (၂၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် စခန်းစီမံခန့်ခွဲမှုကော်မတီဝင်များထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
#otr
#rke_sep2020
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)