
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့၌ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တောဟိုင်ကျေးရွာတွင် မိုးသက်လေပြင်းကြောင့် မန်ကျည်းပင်လဲကျပြီးတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀၅၀၀/-)ကျပ်အား လည်းကောင်း၊ မြောင်းတပ်ကျေးရွာအုပ်စု၊ ကန့်လန့်ကုန်းကျေးရွာမှ လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁၀၀/-)ကျပ်တို့အား (၂၃-၉-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ကွင်းဆင်းထောက်ပံ့ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#bgo_sep2020