လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာနယ်မြေရှိ သက်တမ်းကုန်ရတနာတောင်တန်း(YTT)လုပ်ကွက်၌ (၁၇-၉-၂၀၂၀) ရက်နေ့တွင် အမြင့်ပေ(၅၀)ခန့်မှကျောက်ခဲကျလာပြီး ကမ်းပါးယံအောက်ခြေရှိ ရေမဆေးကျောက်ရှာဖွေနေသူအား ကျောက်ခဲထိမှန်ဒဏ်ရာရရှိခဲ့ရာ အဆိုပါဒဏ်ရာရာသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀ဝ/-)ကျပ်အား (၂၂-၉-၂၀၂၀) ရက်နေ့၊ (၀၉:၄၅)နာရီအချိန်တွင် ဖားကန့်မြို့နယ်စုပေါင်းရုံး၌ ဘေးသင့်ပြည်သူထံလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)