
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ် ၊ မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်စခန်းများဖြစ်သည့် မြတ်ပန်းဝတ်မှုံနှင့် အေးလင်းမြတ်ရှင် စခန်းများရှိ အိမ်ထောင်စု(၇၂၄)၊ လူဦးရေ(၄၅၇၄)ဦးတို့အတွက် ဆပ်ပြာ(၄၅၇၄)ခဲ၊ ထုံးအိတ်(၂၀)အိတ်၊ ရေချိုးခွက်(၈၇၁)ခွက်နှင့် CERPစီမံချက်အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု (၁)စုလျှင်(၄၀၀၀၀/-)နှုန်းဖြင့် အိမ်ထောင်စု(၇၂၄)စုအတွက် ထောက်ပံငွေ(၂၈၉၆၀၀၀၀/-)ကျပ်အား (၂၂-၉-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#krn_sep2020