Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀) ရက်နေ့(၀၇:၃၀) နာရီမှ (၁၀:၃၀) နာရီအချိန်ထိ မကွေးတိုင်း ဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ချောင်းတက်ကျေးရွာ၊ ထောက်ရှည်ကန်ရွာကျေးရွာ၊ မကျည်းကန်ရွာကျေးရွာများသို့ Covid-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေး ပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#mgy_sep2020

Sign Up

Upcoming Events