
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိုးမောက်မြို့နယ်၊ မိုးမောက်မြို့၊ နှစ်ခြင်းဘုရားကျောင်း IDPs စခန်းမှ အိမ်ထောင်စု (၄၀၄) စု၊ လူဦးရေ (၁၉၀၅) ဦးအတွက် paris ဆပ်ပြာ (၁၉၀၅) ခဲ နှင့် ထုံးအိတ် (၁၀) အိတ်နှင့် ကက်သလစ် IDPs စခန်းမှ အိမ်ထောင်စု (၈၈) စု၊ လူဦးရေ (၄၁၄) ဦးတို့အတွက် ဆပ်ပြာ (၄၁၄)ခဲ နှင့်ထုံးအိတ် (၁၀) အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#kcn_aug2020