
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် ရွှေကူမြို့၊ နှစ်ခြင်း IDPs စခန်းရှိ အိမ်ထောင်စု (၈၄) စု၊ လူဦးရေ (၃၀၆) ဦးတို့အတွက် ထုံး (၁၀) အိတ်၊ ဆပ်ပြာ (၃၀၆) ခဲနှင့် ကက်သလစ်IDPsစခန်းရှိ အိမ်ထောင်စု (၄၂) စု၊ လူဦးရေ (၁၇၆) ဦးတို့အတွက် ထုံး (၁၀) အိတ်၊ ဆပ်ပြာ (၁၇၆) ခဲ စုစုပေါင်း ထုံး (၂၀) အိတ်၊ ဆပ်ပြာ (၄၈၂) ခတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#kcn_aug2020