လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူခရိုင်အတွင်း (၁၉-၉-၂၀၂၀) ရက်နေ့၊ (၂၁:၃၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက် စီးသွားသော ကျွန်းလှမြို့နယ်၊ ကျောက်အိုင်ကျေးရွာအုပ်စု၊ ဆင်ဆွယ်ကျေးရွာရှိ လူနေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ(၁၀,၅၀ဝ/-)ကျပ်၊စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့ငွေ(၃၀,၅၀ဝ/-)ကျပ် ကို ကျွန်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ (၂၂-၉-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင်ဘေးသင့်ပြည်သူလက်ဝယ် အရောက် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်၊၊

#ha_sgw

#sgg_sep2020

Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events