လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် လောင်းလုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများတို့နှင့်အတူ လိုက်ပါလျက် (၂၀-၉-၂၀၂၀) ရက်နေ့၊ (၀၀:၃၀) နာရီအချိန်တွင် လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာအုပ်စု၊ ပင်လယ်ကမ်းကျေးရွာ၌ ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁၄၀၀၀၀ဝိ/-)နှင့် ဘေးသင့်ပြည်သူ(၃၇)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၇၇၇၀ဝိ/-)၊ ဘေးသင့်အိမ်ထောင်စု(၁၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁၄)စုံနှင့် ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူ(၈၉)ဦးအတွက် (၇) ရက်စာဆန်ဖိုး ထောက်ပံ့ငွေ (၁၈၆၉၀၀) ကျပ်တို့အား (၂၀-၉-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လောင်းလုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)