
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်ခန့်တွင် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ၊ မြအဏ္ဏဝါဝန်းရှေ့၌ မိုးသက်လေပြင်းကျရောက်၍ သစ်ပင်ပြိုလဲမှုကြောင့် သေဆုံးခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀ဝ/-)ကျပ်အား (၂၁-၉-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)အချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#mon_sep2020