
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာတွင် (၂၀-၉- ၂၀၂၀) တွင်လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေမြင့်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀ဝ) ကျပ်၊ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာငွေ (၉၀,၃၀ဝ) ကျပ်၊ စုစုပေါင်းငွေ (၈၉၀,၃၀ဝ) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ (၃၄,၇၅၃) ကျပ်အားထောက်ပံ့ခဲ့ခြင်းနှင့် ပင်လယ်ဒီရေမြင့်တက်၍ ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၄၂) လုံးအတွက် တန်ဖိုးငွေ (၁,၂၆၀,၀၀ဝ) ကျပ်၊ လူဦးရေ (၁၇၂) ဦးအတွက် ဆန်ရိက္ခါ (၇) ရက်စာငွေ (၃၆၁,၂၀ဝ) ကျပ်၊ စုစုပေါင်းငွေ (၁,၆၂၁,၂၀ဝ) ကျပ်အား (၂၁-၉-၂၀၂၀) ရက်နေ့ (၄:၃၀) နာရီအချိန်တွင် နောက်မီးရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးရုံးတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_sep2020