
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀) ရက်နေ့၊ (၂၃:၃ဝ) နာရီအချိန်၌ သရက်ချောင်းမြို့နယ်၊ ကျောက်ခမောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)အိမ်အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၆၃၀၀/-)ကျပ်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီမှ တာဝန်ရှိသူများနှင့်အတူ (၂၁-၉-၂၀၂၀)ရက်နေ့ (၁၂:၀၀)အချိန်တွင်သွားရောက် ထောက်ပံ့ခဲ့ပြီး၊ ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#tny_sep2020