COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀)ရက်နေ့တွင် ကြံခင်းမြို့နယ်၊ ကြို့ပင်စုအုပ်စု (ကြို့ပင်စု၊ ထန်းပင်ကုန်း၊ ကံရွာ၊ ကိုင်းသာ၊ ကျောက်ပါးစပ်၊ လယ်ကျ)ကျေးရွာတို့တွင် နံနက်(၁၁:၀၀)နာရီအချိန်မှ (၁၃:၃၀)နာရီအချိန်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော  Covid-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်  ကျန်းမာရေးဆိုင်ရာများအသိပညာပေးခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှအချိန်နှင့်တပြေးညီထုတ်ပြန်လျှက်ရှိသည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်များအားလည်းကောင်း၊ သဘာဝဘေးများအန္တရာယ်များနှင့် ပတ်သက်သည့် အသိပညာပေးခြင်းတို့အားလည်းကောင်း အများပြည်သူများသိရှိလိုက်နာရန် အသိပညာပေး နှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_sep2020

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events