COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀)ရက်နေ့၊ နံနက်(၈:၀၀)နာရီချိအန်မှ နေ့လည်(၁၁:၀၀)နာရီအချိန်ထိ ကော့ကရိတ်မြို့နယ်၊ နောင်ကိုင်း ကျေးရွာအုပ်စုအတွင်းရှိ နောင်ကိုင်းကျေးရွာ၊ ရွှေလူကုန်းကျေးရွာ၊ စောရူးကျေးရွာ၊ ထီခါးပူကျေးရွာနှင့် အလယ်ဘိုတဲကျေးရွာတို့၌ Covid-19 ကူးစက်မြန်အဆုတ်ရောင်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#krn_sep2020

Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events