လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၂၀)ရက်နေ့တွင် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေါခါကျေးရွာစုပေါင်းလုပ်ကွက်အတွင်း၌ ဖြစ်ပွားခဲ့သော မြေလွှာလျှော ကျမှုကြောင့် သေဆုံးသူ(၁)ဦးအတွက်ထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်၊ ဒဏ်ရာရာသူ(၁)ဦး အတွက်(၅၀,၀၀၀/-)ကျပ် အားလည်းကောင်း၊ (၁၆-၉-၂၀၂၀)ရက်နေ့၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာရှိ မှော်တောင်းရပ်ကွက်နှင့် မှော်သစ်ကုန်းရပ်ကွက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ကမ်းပါးယံမြေများရေနှင့်အတူမျောလာပြီး နေအိမ်များ ပြိုကျပျက်စီးမှုကြောင့် ဘေးသင့်အိမ်ထောင်စု(၈)စု၊ လူဦးရေ (၂၅) ဦးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ ပုံး (၈)ပုံး၊ အိမ်ဆောက်တန်ဖိုးငွေ(၈၀၀,၀၀၀/-)ကျပ်နှင့်(၇)ရက်စာဆန်ဖိုးငွေ (၅၂,၅၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁,၂၀၂,၅၀၀/-)ကျပ်အား (၁၉-၉-၂၀၂၀)ရက်နေ့၊ (၁၃:၄၅)နာရီအချိန်တွင် ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးခဲ့ပါကြောင်း သတင်းရှိရပါသည်။
#ha_rbe
#kcn_sep2020
Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)